ကျွန်တော်တို့ Apple သုံးတဲ့ သူတွေဟာ မိမိရဲ့ Devices တွေကို အကြောင်းတခုခုကြောင့် Restore ပြန်လုပ်ရန် သော်လည်းကောင်း
Devices တွေကို Jailbreak လုပ်ရန်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် DFU Mode ဆိုတာနှင့်ရင်ဆိုင်ရပါလိမ့်မယ်
ထိုအခက်အခဲ အတွက် DFU လုပ်နည်း တင်ပြလိုက်ပါတယ်
1 - Device ကို Power ပိတ်လိုက်ပါ
2 - Power ခလုတ်နှင့် Home ခလုတ် (iPhone တွင်တခုတည်းသော ခလုတ်အဝိုင်းလေးဖြစ်သည်) ကို တပြိုင်တည်း ၁၀ စက္ကန့်ခန့် နှိပ်ထားပါ
3 - ၁၀ စက္ကန့် ပြည့်လျှင် ထိုသို့နှိပ်ထားရာ မှ Home ခလုတ်ကို မလွတ်ပဲ Power ခလုတ်ကိုသာ လွတ်လိုက်ပါ
ထိုအခါ Device သည် ဘာမှ မပေါ်ပဲ အမည်းရောင် Screen ကြီးသာ ဖြစ်နေရပါမယ်
ဒါဆို PC က iTunes မှာ စာလေးပေါ်လာပါလိမ့်မယ်
ဒါဆို DFU Mode ဝင်သွားပါပြီ
No comments:
Post a Comment